Chrome Browser သုံးပြီး အင်တာနက် အသုံးပြုသူများ အတွက် ကိုယ်အသုံးပြုနေကျ ဝက်ဘ်ဆိုက် လိပ်စာတွေ၊ အသစ်တွေ့ရှိတဲ့ ဝက်ဘ်ဆိုက် လိပ်စာတွေကို မှတ်သားထားနိုင်မှာ ဖြစ်သလို ဝက်ဘ်ဆိုက် အမျိုးအစားကိုပါ ခွဲခြားပြီး Note ဖြင့် မှတ်သားထားနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုမျိုး ပြုလုပ်နိုင်ဖို့အတွက် AnnoPad ဆိုတဲ့ Extension ကို အသုံးပြုရမှာ ဖြစ်ပါတယ်။AnnoPad ဆိုတဲ့ Extension ဟာ Chrome Browser ပေါ်ကနေ ဝက်ဘ်ဆိုက်လိပ်စာတွေကို Bookmark သဖွယ် ပြုလုပ်ပေးနိုင်မယ့် Extension တစ်ခုဖြစ်ပါတယ်။ ဝက်ဘ်ဆိုက် လိပ်စာတွေကို မှတ်သားတဲ့ နေရာမှာ အလွယ်တကူနဲ့ ခွဲခြားသိနိုင်စေဖို့အတွက် Note ဖြင့် ခွဲခြား၍ မှတ်သားထားနိုင်မှာ ဖြစ်သလို၊ ဘယ်နေ့ ဘယ်ရက်က သိမ်းဆည်းထားတဲ့ ဝက်ဘ်ဆိုက် လိပ်စာလည်း ဆိုတာကို မှတ်တမ်းတင် ပေးထားမှာ ဖြစ်ပါတယ်။Chrome Browser မှာ AnnoPad ကို ထည့်သွင်းမယ်ဆိုရင် ပထမဆုံး Chrome Browser ရဲ့ Webstore ကိုသွားရမှာ ဖြစ်ပါတယ်။ Webstore ထဲကိုရောက်သွားပြီဆိုရင် Search Box မှာ AnnoPad ဆိုတဲ့ Keyword ကို ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။ ပြီးသွားရင် Free ဆိုတဲ့ Button ကို နှိပ်ရမှာ ဖြစ်ပါတယ်။ Free ဆိုတဲ့ Button ကို နှိပ်ပြီးရင် App ကို တကယ်ထည့်သွင်း မှာလားဆိုတဲ့ Confirm Box ကျလာတဲ့အခါမှာ Add ဆိုတဲ့ Button ကို နှိပ်လိုက်ရမှာ ဖြစ်ပါတယ်။ပြီးသွားပြီ ဆိုရင်တော့ Extension ကို Download ပြုလုပ်နေမှာဖြစ်ပြီး တစ်ခါတည်းထည့်သွင်း သွားမှာ ဖြစ်ပါတယ်။ AnnoPad ကို အသုံးပြုချင်တယ်ဆိုရင် ညာဘက်ထောင့် အပေါ်ဘက်မှာ AnnoPad ရဲ့ Icon လေးကို မြင်ရမှာ ဖြစ်ပါတယ်။ ကလစ်တစ်ချက် နှိပ်လိုက်ရင် AnnoPad ကို အသုံးပြုဖို့အတွက် ပေါ်လာမှာဖြစ်ပြီး ကိုယ်မှတ်ထားချင်တဲ့ ဝက်ဘ်ဆိုက်တစ်ခုကို New ဆိုတဲ့ Button ကို နှိပ်ပြီး မှတ်သားထားရမှာ ဖြစ်ပါတယ်။ New ကို နှိပ်လိုက်ရင် Category မှာ ဘယ်အမျိုးအစားလဲ ဆိုတာကို ထည့်သွင်းထားရမှာ ဖြစ်ပါတယ်။Category မှာ ထည့်သွင်းပြီး သွားရင် Enter ကို နှိပ်လိုက်ပါ၊ ပြီးသွားရင် AnnoPad Icon လေးကို တစ်ချက် ပြန်နှိပ်လိုက်တယ်ဆိုရင် အလိုအလျောက် သိမ်းဆည်းပေးသွားမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ Save ဆိုတဲ့ Button ကို မထည့်သွင်းထားဘဲ Remove Note ဆိုတာကိုပဲ ဖော်ပြပေးထားပါတယ်။အဲဒီ Button ကိုတော့ မလိုချင်တဲ့ အချိန်မှသာ အသုံးပြုရမှာ ဖြစ်ပါတယ်။
internetjournal.media