မန်မာနိုင်ငံရှိ ရုပ်ရှင်ချစ် ပရိသတ်များအတွက် Mingalar Cinemas Company Limited နှင့် Bagan Innovation Technology (BiT) တို့မှ မင်္ဂလာ Company ၏ ရုပ်ရှင်ရုံများတွင် လက်ရှိ ပြသလျက်ရှိသော ရုပ်ရှင်ကားများ၊ ထပ်မံပြသမည့် ရုပ်ရှင်ကားများ၏ အချက်အလက်များကို အလွယ်တကူ သိရှိနိုင်ရန် Mingalar Cinemas Mobile Application ကို ထုတ်လုပ်လိုက်ပြီဖြစ်ပါသည်။ iPhone နှင့် Android ဖုန်းများအတွက် Mingalar Cinemas Mobile Application ကို ထုတ်လုပ်ထားခြင်းဖြစ်ပါသည်။
– ရုပ်ရှင်ရုံများ၏ တည်နေရာများကို မြေပုံများနှင့်တကွ ကြည့်ရှုနိုင်ခြင်း၊
– လက်ရှိပြသနေသော ရုပ်ရှင်ဇာတ်ကားများ၊ ထပ်မံပြသသွားမည့် ရုပ်ရှင်ဇာတ်ကားများကို သိရှိနိုင်ခြင်း၊
– ရုပ်ရှင်ပြသချိန်များကို သိရှိနိုင်ခြင်း၊
– ရုပ်ရှင်ရုံများ၏ တယ်လီဖုန်းနံပါတ်များ ပါရှိခြင်းကြောင့် Booking ကို လွယ်ကူစွာပြုလုပ်နိုင်ခြင်း၊
– ရုပ်ရှင်ဇာတ်ကား Trailer များကို ကြည့်ရှုနိုင်ခြင်း၊
အစရှိသည်တို့ကို English-Myanmar နှစ်ဘာသာဖြင့် ဖတ်ရှုနိုင်အောင် ပြုလုပ်ပေးထားပါသည်။
Mingalar Cinema Applicationအားရယူရန်
•Download
Micro Pyae Phyo -အမေး-အဖြေgroupထဲJoin Groupလုပ်ပေးပါအုံး
Micro Pyae Phyo အ မေး အ ဖြေ
Micro Pyae Phyo
www.micropyaephyo.com