Network Monitor Mini Pro က Download နဲ့ Upload Speed များကို အချိန်နဲ့ တစ်ပြေးညီ ပြသပေးနိုင်ပါတယ်။ အဲဒီအတွက် သင်ဝယ်ယူထားတဲ့ အင်တာနက် အမြန်နှုန်းကို အချိန်ပြည့် သိရှိနိုင်မှာပါ။
App ကို အင်စတော လုပ်ပြီးရင် Settings များကို သတ်မှတ်ဖို့ ဖွင့်ပါ။ Monitor မှာ ON ပေးမှ App က စတင်အလုပ်လုပ်မှာပါ။

Measurement Unit မှာ နှစ်သက်ရာ ယူနစ်ကို သတ်မှတ်နိုင်ပါတယ်။ ကျွန်တော်ကတော့ KB/s (kilobyte / sec) ကိုရွေးပါတယ်။ ယူနစ်မှာ /s ကို မျက်စိရှုပ်လို့ မပြသစေချင်ဘူးဆိုရင် Hide /s in unit မှာ ON ပေးပါ။

Auto-Hide မှာ မိုဘိုင်း အင်တာနက် ဖွင့်ထားခြင်း မရှိတဲ့အချိန် ဒါမှမဟုတ် WiFi ချိတ်ဆက်ထားခြင်း မရှိတဲ့ အချိန်မှာ အင်တာနက် အမြန်နှုန်း ပြသပေးတာကို ဖျောက်ထားနိုင်ဖို့အတွက် ON ပေးပါ။ App က Status Bar မှာ Notification တစ်ခု အမြဲပြသပေးတာကို မျက်စိရှုပ်ရင် Hide Notification မှာ ON ပေးပါ။ Hide For Apps မှာတော့ Apps များကို ရွေးချယ်နိုင်ပြီး အဲဒီ Apps များကို အသုံးပြုနေချိန်မှာ အမြန်နှုန်းကို ပြသပေးမှာ မဟုတ်ပါဘူး။

Text Color မှာ အမြန်နှုန်း ပြသပေးတဲ့ စာသားရဲ့အရောင်ကို ရွေးချယ်နိုင်ပါတယ်။ ကျွန်တော်ကတော့ အဖြူရောင်ကို ရွေးချယ်ထားပါတယ်။ ရွေးချယ်ဖို့ အခြားအရောင်များ ရှိသလို Custom Color ကိုနှိပ်ပြီး နှစ်သက်ရာ အရောင်ကို ချယ်မှုန်း အသုံးပြုနိုင်ပါတယ်။ Transparency မှာ စာသားရဲ့ အလင်း၊ အမှောင်ကို ချိန်ညှိနိုင်ပါတယ်။ Slider ကို အလယ်လောက်ထားတာ အနေတော်ပါပဲ။

Location မှာ အမြန်နှုန်းကို ပြသပေးတဲ့ စာသားရဲ့ တည်နေရာကို သတ်မှတ်နိုင်ပါတယ်။ ကျွန်တော်ကတော့ Top Left ကို ရွေးချယ်ထားပါတယ်။ Status Bar မှာ ပြသပေးစေချင်ရင် On Status Bar (phone) ကို ON ပေးပါ။

Font အရွယ်အစားကို Custom Size မှာ သတ်မှတ်နိုင်ပါတယ်။ Default အရွယ်အစားက အဆင်ပြေပေမယ့် ပြောင်းချင်ရင် Enable Custom Size မှာ ON လုပ်ပြီး Slider များကို ပြောင်းရွှေ့နိုင်ပါတယ်။

Custom Font မှာ ဖုန်းမှာ ထည့်သွင်းထားတဲ့ Font များကို ရွေးချယ်နိုင်ပါတယ်။ Pre-defined Fonts မှာ အမှန်ခြစ်ပေးပြီး Pick a Font မှာ ရွေးချယ်ပါ။

Carrier များက ရောင်းချတဲ့ အင်တာနက် အမြန်နှုန်းကို စစ်ဆေးပေးနိုင်တဲ့ အတွက် Network Monitor Mini Pro က အသုံးဝင်တဲ့ App ဖြစ်ပါတယ်။ ဒါမှသာ သင်ဝယ်ယူတဲ့ အမြန်နှုန်းကို မရရှိရင် Complain တက်နိုင်မှာ ဖြစ်ပါတယ်။ Network Monitor Mini Pro ကို Android 2.2 နဲ့ သူ့အထက်မှာ အသုံးပြုနိုင်ပါတယ်။
http://goo.gl/ic0HQU
ref;myanmardigitallife
ဦးအာကာ(Acme Mobile)
www.ooarkar.com