GuidePedia

မင်္ဂလာပါကျနော် ဒီပို့စ်လေးကို တင်ပေးချင်နေခဲ့တာကြပါပြီဒါပေမယ့် ဇဝေဇ၀ါနဲ့ ကိုယ်လည်းသိပ်အကျွမ်းကျင်ကြီးမဟုတ်တော့မတင်ပေးဖြစ်တာပါ။ အားလုံးလည်း စိတ်ဝင်စားကြမယ်လို့ထင်လို့ ဒီပို့စ်လေးကို တင်ပေးလိုက်တာပါ။Android World ဆိုရင် သတိထားမိကြမှာ နေ့စဉ်နဲ့အမျှဆန်းသစ်မှု တီထွင်မှုတွေနဲ့ ပြည့်နှက်နေတာပါ၊ အခုလည်းထပ်ပေါ်လာတာက ပိုစ့်ရဲ့ ခေါင်းစဉ်လေးကို မြင်လိုက်တာနဲ့သဘောပေါက်လောက်ပြီထင်ပါတယ်။တစ်ခါတလေ လူဆိုထာ စိတ်ရဲ့အမောတွေကို သီချင်း၊ ရုပ်ရှင်၊ဟာသ၊ ထူးဆန်းထွေလာ၊ စသည်တို့ဖြင့် အပန်းဖြေလေ့ရှိတတ်ကြပါတယ်၊ဒီအထဲ ကျနော်အပါအ၀င် နိုင်ငံခြားရုပ်ရှင်ကားကြီးတွေကိုလက်လှန်းမှီသလောက် ကြည့်ရှုကြတယ်၊ အင်္ဂလိပ်လို အသင့်အတင့်နားလည်တဲ့ ဘော်ဒါတွေအတွက်ကတော့ အင်္ဂလိပ်စာတန်းထိုးတွေနဲ့တိုက်ရိုက်ကြည့်ပြီး အဆင်ပြေတတ်ကြပေမယ့် ကျနော်တို့လိုဘာမှန်းမသိတဲ့ သူများကြတော့ မြန်မာစာတန်းထိုးလေးနဲ့ကြည့်ချင်ကြတာပါ၊ ကိုယ်အရမ်းကြိုက်တဲ့ ဇာတ်ကားကောင်းတွေဆိုမြန်မာစာတန်းထိုးလေးနဲ့ ကြည့်လိုက်ရရင် အားလုံးပြည့်စုံသွားသလိုမျိုးခံစားရတယ်။ တကယ်ကောင်းပါလားလို့လည်း တွေးမိတယ်၊ဒီလိုနဲ့ အားမရတော့ပဲ အဲဒီကမ္ဘာကျော်ရုပ်ရှင်ကားတွေကိုကိုယ်တိုင် စာတန်းထိုးကြည့်ချင်လာတယ်၊ ဘယ်လိုစလုပ်ရမှန်းမသိဟိုရှာ ဒီရှာ နဲ့ အင်တာနက်တစ်ခွင် ယောင်ခြောက်ဆယ် ဖြစ်နေတယ်၊ပညာရှင်တွေ ထိုးပေးထားတာလေးတွေကို ကြည့်ရင်း ဒီစာတန်းထိုးတွေကိုဘယ်လိုလုပ်တယ်မသိဖူးဆိုတဲ့ မေးခွန်းနဲ့အတူ အခုနောက်ပိုင်းလူငယ်တွေ အထူးသဖြင့် မြန်မာတန်းထိုးချင်လို့ srt တွေကို လိုက်ရှာနေကြတဲ့ဘော်ဒါများအနေဖြင့် အသိချင်ဆုံးသော မေးခွန်းလေးဖြစ်မယ်ထင်ပါတယ်။မလွယ်တဲ့အရာတစ်ခုပါ ကိုယ်နှစ်က အင်္ဂလိပ်စာ ကျွမ်းကျင်မှုတော့လိုပါလိမ့်မယ်ကျွမ်းကျင်ရုံလောက်လေးနဲ့ကလည်း အဆင်မပြေသေးပြန်ဘူး၊ ဘာသာပြန်တတ်တဲ့အလေ့အထလည်း ထပ်ဆင့်လိုနေပြန်တယ်၊ အလေ့အထလည်းရှိတယ်၊အမြဲတစေလည်း လေ့လာသင်ယူနေတယ်ဆိုရင်တော့ အချိန် တစ်နာရီ သို့...နှစ်နှစ်နာရီလောက်ပေးဆပ်လိုက်ရင် အဆင်ပြေနိုင်ပါတယ်၊ ဒါက စကားအဖြစ်ပါ လက်တွေ့ကြတော့အလွယ်ကြီးမဟုတ်ပါ၊ ကဲဘာပဲဖြစ်ဖြစ် စိန်ခေါ်မှုတိုင်းမှာ လွတ်မြောက်မှုနဲ့ အောင်မြင်ဆိုတာရှိနေပြီးသားပါ၊ ဆန်းသစ်တီထွင်မှုတွေနဲ့ လူသားကမ္ဘာကို အလှဆင်နေကြတဲ့Today technology ရဲ့ အံမခန်းမှုတွေက ကျနော်တို့ရဲ့ ဘ၀အမောလေးတွေကိုတစ်နည်းမဟုတ် တစ်နည်းဖြင့် ဖြေရှင်းပေးနေကြတာပါ။အခုကျနော် ပြန်လည်မျှဝေပေးလိုက်တဲ့ Apk လေးကတော့ မိမိစမတ်ဖုန်းမှာအင်စတောလုပ်ထားပြီး ကမ္ဘာကျော် ရုပ်ရှင်ကားကြီးတွေကိုဘာသာပေါင်းမျိုးစုံသို့ ဘာသာပြန်ယူနိုင်မယ့် တစ်ခုတည်းသော ဆော့ဝဲလေးဖြစ်ပါတယ်ခင်ဗျာ။ ခက်ခဲလှတဲ့ Theory တစ်ခုဟာ သင်သွာလေရာကိုပါနေတဲ့ အပျင်းပြေကလစ်ရာ တစ်ခုဖြစ်တဲ့ သင့်ဖုန်းလေမှာ ဒီဆော့ဝဲလေးသာရှိနေခဲ့ရင် အများခေါင်းစားပြီး လိုက်ရှာနေကြရတဲ့ ပညာရှင်တို့ရဲ့ srt လေးကိုအလွယ်တကူဖန်တီးယူနိုင်ပါပြီ။ တစ်ချို့သော ရုပ်ရှင်ကားတွေမှာ တိုက်ရိုက်စာတန်းထိုးတွေမပါလာတတ်ပါဘူး ဒီလိုမျိုး ဇာတ်ကားတွေကိုလည်း ကိုယ်တိုင်အလွယ်တကူဖန်တီးယူနိုင်မှာဖြစ်ပါတယ်၊ အထူးသဖြင့် မြန်မာစာအတွက် UTF.8: Unicode ပါတာကိုကဒီ ဆော့ဝဲလေးကို ရေးဆွဲထားတဲ့ Developer ကို ကျေးဇူးတင်မဆုံးပါ၊ကဲဗျာ အခုတလော ခေတ်စားနေတဲ့ မြန်မာစာတန်းထိုးဇာတ်ကားကြီးတွေမှာ စာတန်းထိုးဆိုတဲ့Srt,.ssa, .ass လေးတွေကို ဘယ်လိုဖန်တီးယူသလဲ၊ သို့မဟုတ် မိမိဖုန်းလေးထဲမှာကိုယ်တိုင် Srt ဖန်းတီးသူ Pro ကြီးတစ်ယောက်ဖြစ်ချင်ရင်တော့ကျနော် တင်ပေးထားတဲ့ ဆော့ဝဲလေးကိုသာ အင်စတောလုပ်ပြီးစိတ်ကြိုက်စမ်းသပ် ကလစ်နိုင်ပါပြီ။ Size  1.8 MB ရှိပါတယ်။2.3 အထက် ဖုန်းအားလုံးမှာ အဆင်ပြေပါတယ်။
 Download 

 
Top