GuidePedia

Network ချိတ်ဆက်ထားတဲ့ အခြားကွန်ပျူတာ တစ်လုံးကို ကိုယ့်ကွန်ပျူတာထဲကနေ လိုသလိုစီမံနိုင်တဲ့ TeamViewer ဖြစ်ပါတယ်.. ကိုယ်စီမံချင်တဲ့ ကွန်ပျူတာနဲ့ LAN or Internet ချိတ်ဆက်မိနေ ဖို့တော့ လိုအပ်ပါတယ်.. TeamViewer ဆော့ဖ်ဝဲကို နှစ်ဖက်စလုံးမှာ Install လုပ်ထားရပါမယ်..
နှစ်ဖက်စလုံးက ဆော့ဖ်ဝဲကို Run လိုက်ရင် ကိုယ့်ကိုယ်ပိုင် ID နဲ့ Password ကိုတွေ့ရမှာဖြစ်ပါတယ်..
သူများရဲ့ ID နဲ့ Password ကို ကိုယ့်ဆီပေးပြီး ကိုယ်က Partner ID မှာဖြည့်၊  အောက်နားဘက်မှာ ကိုယ်က သူ့ဆီကို ၀င်သုံးချင်ရင် Remote Control ကို ရွေးထား၊ ဖိုင်ပို့ချင်ရင် File Transfer ကို ရွေးထား.. ပြီးရင် Connect to Partner ကိုနှိပ်.. Password တောင်းလာရင် သူ့ဆီကPassword ကိုဖြည့်.. OK ကိုနှိပ်.. ဒါဆိုအဆက်အသွယ်ရသွားပြီ.. ကိုယ့်ဆီကနေ ကိုယ့်ကွန်ပျူတာလိုပဲ သူ့ကိုသုံးလို့ရပြီ.
ဖိုင်တွေလည်း ပို့/ယူ လုပ်လို့ရပြီ.. ဗားရှင်းသစ်မှာ အထူးခြားဆုံးကတော့ P2P Game ဆော့လို့ ကောင်းကောင်းရသွားတာပါပဲ.. အမေရိကန်ပဲဖြစ်ဖြစ်၊ ဂျပန်ပဲဖြစ်ဖြစ် နှစ်ယောက်လုံး အင်တာနက်ချိတ်ပြီး TeamViewer နဲ့ ဂိမ်းဆော့လို့ရပြီ..
 Download 

 
Top