Ubuntu OS အသုံးပြုသူများ အနေဖြင့် ကိုယ်အသုံးပြုတဲ့ OS အတွင်းမှာ Folder တွေကို အရောင်ခွဲခြားပြီး မှတ်တမ်း တင်ထားချင်တယ်ဆိုရင် Folder တွေကို Color များအသုံးပြုပြီး ခွဲခြားထားနိုင်မှာ ဖြစ်ပါတယ်။ Folder တွေကို အရောင်တွေနဲ့ ခွဲခြားထားခြင်းဖြင့် မိမိလိုချင်တဲ့ အကြောင်းအရာနဲ့ ပတ်သက်တဲ့ Folder ကို အလွယ်တကူနဲ့ မြန်မြန်ဆန်ဆန် ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။Folder Color ကို အသုံးပြုဖို့ အတွက် Ubuntu OS မှာ Folder Color ဆိုတာကို အရင် ထည့်သွင်းရမှာ ဖြစ်ပါတယ်။ Folder Color ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာsudo apt-get update ဆိုတဲ့ Command နဲ့ အရင် Package တွေကို Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေး ရပါမယ်။ နောက်တစ်ဆင့်ကတော့ Folder Color ကို Install ပြုလုပ်ဖို့အတွက် Terminal မှာ ဖော်ပြပါ Command တွေကို တစ်ကြောင်းချင်းစီ ရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်။အသုံးပြုရမယ့် Com-mand တွေကတော့-sudo add-apt-repository ppa:costales/folder-colorsudo apt-get update && sudo apt-get install folder-colorစတာတွေ ဖြစ်ပါတယ်။ အထက်ပါ Command တွေဟာ Ubuntu 13.10 နှင့် 14.04 LTS အတွက် ဖြစ်ပါတယ်။ ပြီးသွားပြီဆိုရင် နောက်တစ်ဆင့်ကတော့ မိမိအရောင်ပြောင်းချင်တဲ့ Folder ကို Right Click နှိပ်ပြီး Folder Color ကိုရွေးချယ်လိုက်ရင် ဘေးမှာ Pop up နဲ့ရွေးချယ်နိုင်တဲ့ Folder Color တွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ အဆိုပါ နေရာမှာပဲ အရောင်တွေကို နှစ်သက်သလို ရွေးချယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ အထက်ပါ ဖော်ပြပါအတိုင်း ပြုလုပ်ပြီးရင်တော့ Ubuntu OS ပေါ်မှာ Folder Color ကိုထည့်သွင်းတဲ့နည်း ပြီးဆုံးပြီ ဖြစ်ပါတယ်။